ပူပြင်းတဲ့နွေရာသီဟာ အသားအရည်ကိုအတော်လေးဒုက္ခပေးနိုင်တဲ့ရာသီဥတုဖြစ်ပါတယ်။ ဒီလိုခြောက်သွေ့တဲ့ရာသီအချိန်မှာ အသားအရေဟာအလွယ်တကူခြောက်သွေ့နိုင်တာကြောင့် အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ Skin Care တွေဟာမရှိမဖြစ်လိုအပ်ပါတယ်။ ဒါ့အပြင် Skin Care အများစုဟာ အစိုဓာတ်ဖြည့်ပေးလေ့ရှိပေမဲ့ နွေရာသီမှာတော့ အစိုဓာတ်ကိုသီးသန့်ဖြည့်ပေးနိုင်တဲ့ Cleaner မျက်နှာသစ်ကိုလိုအပ်ပါတယ်။
အသားအရေအစိုဓာတ်ကို ပိုပိုထိန်းသိမ်းဖို့အတွက် အစိုဓာတ်ဖြည့် Serum တွေကလည်း မဖြစ်မနေသုံးပေးသင့်တဲ့အရာတွေဖြစ်ပါတယ်။ Moisturizer နှင့် Toner ကိုလည်းအစိုဓာတ်ဖြည့်ပေးနိုင်တဲ့ ရေဓာတ်များများပါတဲ့ ပစ္စည်းတွေိကုပဲရွေးချယ်သုံးစွဲသင့်ပါတယ်။ ဒါ့အပြင် ရေကိုများများသောက်ပေးခြင်းကလည်း ကိုယ်သုံးလိုက်တဲ့ပစ္စည်းတွေကိုပိုပြီးအာနိသင်ရှိလာစေဖို့ကူညီပေးနိုင်ပါတယ်။
နွေရာသီလို့ဆိုတာနှင့်မရှိမဖြစ်ပစ္စည်းတစ်ခုကတော့ Sunscreen ပဲဖြစ်ပါတယ်။ Sunscreen ဟာလည်း နွေရာသီမှာမသုံးမဖြစ်သုံးပေးရမယ့် ဖြစ်ပါတယ်၊။ တစ်ကယ်လို့ မသုံးဘူးဆိုရင် အပေါ်ကဖော်ပြထားတဲ့ရေဓာတ်ဖြည့်ပစ္စည်းတွေကလည်း ထိရောက်တဲ့အကျိုးသက်ရောက်မှုရှိမှာမဟုတ်ပါဘူး။